နောင်တ {၁၀}ပါး


 နောင်တ (၁၀) ပါး

===========

၁ ။ ငယ်စဉ်အခါက အတက်ပညာတစ်ခုခုကို   ကျွမ်းကျင်တက်မြောက်အောင် မသင်ယူခဲ့ခြင်း၊

၂ ။ ပစ္စည်း၊ဥစ္စာရှာဖွေစုဆောင်းရမည့်အရွယ်တွင် ပစ္စည်း၊ဥစ္စာရှာဖွေစုဆောင်းရန်မေ့လျော့ကာ အချိန်ကုန်လွန်ခဲ့ခြင်း၊

၃ ။ သူတစ်ပါးတို့၏အကျိုးကို မလိုလားဘဲ ပျက်စီးစေသောငှာ ချောက်တင်းကုန်းချော အတင်းပြောခဲ့ခြင်း၊

၄ ။ ကိုယ်ချင်းမစာ၊ မညှတာဘဲ ယုတ်မာရက်စက်သူ့အသက်ကို သတ်ဖြတ်ခြင်း၊

၅ ။ သူတစ်ပါး၏သားမယားကို ကျူးလွန်ပြစ်မှား စော်ကားခဲ့ခြင်း၊

၆ ။ ပစ္စည်း၊ဥစ္စာရှိလျက် အနည်းငယ်မျှမစွန့်ကြဲ၊ မပေးကမ်း၊ မလှူဒါန်းခဲ့ခြင်း။

၇ ။ အမိ၊အဖတို့အား အလုပ်အကျွေးမပြုခဲ့ခြင်း၊

၈ ။ အမိအဖ၊ ဆရာသမားတို့၏ သွန်သင်ဆုံးမညွန်ပြမှု တို့ကိုမခံယူခဲ့ခြင်း၊

၉ ။ သီလမြဲမြံ အကျင့်မှန်သည့် ဥာဏ်စွမ်းရည်ပြည့် ပညာရှိတို့ထံ မဆည်းကပ်ခဲ့ခြင်း၊

၁၀။ သူတော်မဟုတ်၊ သူယုတ်တို့၏ အကျင့်ကိုကျင့်ခဲ့ခြင်း၊  တို့ဖြစ်ပါတယ်။

Comments

Popular posts from this blog

မြန်မာနိုင်ငံတွင် ဥာဏ်တော်အမြင့်ဆုံး စေတီတော်