နောင်တ {၁၀}ပါး

နောင်တ (၁၀) ပါး =========== ၁ ။ ငယ်စဉ်အခါက အတက်ပညာတစ်ခုခုကို ကျွမ်းကျင်တက်မြောက်အောင် မသင်ယူခဲ့ခြင်း၊ ၂ ။ ပစ္စည်း၊ဥစ္စာရှာဖွေစုဆောင်းရမည့်အရွယ်တွင် ပစ္စည်း၊ဥစ္စာရှာဖွေစုဆောင်းရန်မေ့လျော့ကာ အချိန်ကုန်လွန်ခဲ့ခြင်း၊ ၃ ။ သူတစ်ပါးတို့၏အကျိုးကို မလိုလားဘဲ ပျက်စီးစေသောငှာ ချောက်တင်းကုန်းချော အတင်းပြောခဲ့ခြင်း၊ ၄ ။ ကိုယ်ချင်းမစာ၊ မညှတာဘဲ ယုတ်မာရက်စက်သူ့အသက်ကို သတ်ဖြတ်ခြင်း၊ ၅ ။ သူတစ်ပါး၏သားမယားကို ကျူးလွန်ပြစ်မှား စော်ကားခဲ့ခြင်း၊ ၆ ။ ပစ္စည်း၊ဥစ္စာရှိလျက် အနည်းငယ်မျှမစွန့်ကြဲ၊ မပေးကမ်း၊ မလှူဒါန်းခဲ့ခြင်း။ ၇ ။ အမိ၊အဖတို့အား အလုပ်အကျွေးမပြုခဲ့ခြင်း၊ ၈ ။ အမိအဖ၊ ဆရာသမားတို့၏ သွန်သင်ဆုံးမညွန်ပြမှု တို့ကိုမခံယူခဲ့ခြင်း၊ ၉ ။ သီလမြဲမြံ အကျင့်မှန်သည့် ဥာဏ်စွမ်းရည်ပြည့် ပညာရှိတို့ထံ မဆည်းကပ်ခဲ့ခြင်း၊ ၁၀။ သူတော်မဟုတ်၊ သူယုတ်တို့၏ အကျင့်ကိုကျင့်ခဲ့ခြင်း၊ တို့ဖြစ်ပါတယ်။